တွံတေး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို မေ ၂၁ ရက်နေ့နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ ရွှေဆံတော်ဘုရားလမ်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ)ဦးနန်းဦးတို့က ကျောင်းအပ်နှံရေးမြေစိုက်ပိုစတားဆိုင်းဘုတ်အား နံသာရေသပြေခက်များဖြင့် ပက်ဖြန်းခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ)နှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး