အမျိုးသမီးရေးရာအဖွဲ့မှ ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာသို့ နေ့လယ်စာနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ရွှေပြည်သာ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာရှိ အမျိုးသမီးငယ်များအား နေ့လယ်စာနှင့် အသုံးအစောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို မေလ ၂၀ ရက်နံနက်ပိုင်းက အဆိုပါဂေဟာ၌ ကျင်းပသည်။

အခမ်းအနားသို့ မင်္ဂလာဒုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့်အဖွဲ့ဝင်များက နေ့လယ်စာကျွေးမွေးခြင်းနှင့် ကြာဆံ၊ ဆပ်ပြာနှင့် မုန့်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)