ငါန်းဇွန် မေ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၈)နာရီခွဲက ငါန်းဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး၊ ဒေါ်အေးဆုမွန်ထွန်းက အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို မေ ၂၂ရက်မှ ၂၆ ရက်အထိ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသားဆရာ/ဆရာမ (၁၈)ဦးအား သင်တန်းနည်းပြ ဆရာ/ဆရာမ(၃)ဦးက သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)