ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အဖြစ် နွေစပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်ကွက်ပြည့်မီစွာစိုက်ပျိုးရေး နှင့် ဒုတိယလက်ထောက်ဦးစီးမှူးများဖြစ်ကြသည့် ဦးဖြိုးအာကာ၊ ဒေါ်စိုးသီရိမော်၊ ဒေါ်စုမေဖြိုး တို့က မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရေး၊ ရိတ်သိမ်းချိန်လွန်တွင် လိုက်နာရမည့်အကြောင်းများ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပြီး သင်တန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)