ငါန်းဇွန်မြို့နယ်၌ (ထက်/လယ်/မူ+ဘက)ကျောင်းအုပ်ကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်

ငါန်းဇွန် မေ၂၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ (ထက်/လယ်/မူ+ဘက) ကျောင်းအုပ် ဆရာ/ဆရာမကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး၊ ဒေါ်အေးဆုမွန်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို မေ  ၂၂ ရက်မှ  ၂၄ ရက်အထိ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြအဖြစ် မြို့နယ်ပညာရေးမှူးနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ တာဝန်ခံဆရာမ(၃)ဦးမှ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသားဆရာ/ဆရာမ (၁၂၇)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)