ရန်ကုန် မေ ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်သာ AI နှင့် နည်းပညာဆိုင်ရာသင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဆက်လက်သင်ကြားလျက်ရှိသည်။
AI နည်းပညာဆိုင်ရာသင်တန်းအား ဆက်လက်သင်ကြားရာတွင် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က AI and Types of AI ဘာသာရပ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက Using AI tools and Chatbots ဘာသာရပ်ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေမှ AI နှင့် MLတို့၏ အားသာချက်များနှင့် အားနည်းချက်များကိုလည်းကောင်း ဆက်လက်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် မြို့ရုံးတို့မှ သင်တန်းသား သင်တန်းသူ (၁၉) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေလ (၂၁) ရက်မှ (၂၃) ရက်နေ့ထိ သင်တန်းနည်းပြဆရာ/ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)