ကျောက်ပန်းတောင်း မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို၊ မေ ၂၂ ရက် နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အပေါ်ထပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက အဖွင့် အမှာစကား ပြောကြား၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်က သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်း နည်းပြ ၁၂ ဦးတို့က စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ အခြေခံပညာကျောင်းများမှ ၁၃၃ ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ၅ ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ၁၂ ဦး စုစုပေါင်း ဆရာ/ဆရာမ ၁၄၄ ဦး တက် ရောက်ကြမည်ဖြစ်ကြောင်း နှင့် သင်တန်းကာလမှာ မေ ၂၂ ရက်မှ ၂၆ ရက်အထိ ၅ ရက်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)