ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား)မှ  ကျောင်းသား ကျောင်းသူများ  ပိန္နှဲတောဓာတ်အားခွဲရုံ လုပ်ငန်းများလေ့လာ

ကျောက်ပန်းတောင်း မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည်၊ မေ ၂၂ ရက် နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ  66/11 KV ၊  20MVA ပိန္နှဲတောဓာတ်အားခွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြရာ၊ မြို့နယ်မန်နေဂျာနှင့် တာဝန်ခံအင်ဂျင်နီယားများက လိုက်လံ ရှင်းလင်းပြသသည်။

ကျောက်ပန်းတောင်းမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(လက်ပံပျား)မှ ကထိကများဖြစ်ကြသည့် ဒေါ်နှင်းနုနုစိုးနှင့် ဒေါ်ရွှေလှိုင်တို့ ဦးဆောင်သည့် စက်မှုဘာသာရပ်သင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့ သည်၊ ကျောက်ပန်းတောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးလက်အောက်ရှိ 66/11 KV ၊ 20MVA ပိန္နှဲတော ဓာတ်အားခွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြရာ 66/11 KV ဓာတ်အားခွဲရုံ ၄ ရုံဖြင့် မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ၃၂၀ တို့အား ဓာတ်အား ဖြန့်ဖြူး ပေးနေမှု အခြေအနေနှင့် ၎င်းတို့အနက် 66/11 KV ၊ 20MVA ပိန္နှဲတော ဓာတ်အားခွဲရုံမှ ဓာတ်အား လက်ခံ/ဖြန့်ဖြူးမှု၊ ထိန်းသိမ်းမောင်းနှင်မှု လုပ်ငန်း စဉ်များကို မြို့နယ်နေဂျာ ဒေါ်မေကလျာအံ့၊ မြို့နယ်အင်ဂျင်နီယာ ဦးကျော်မိုးနှင့် ပိန္နှဲတောဓာတ်အားခွဲရုံမှ ဦးစန်းမောင်(ခွဲရုံမှူး)တို့က လိုက်လံ ရှင်းလင်းပြသကြသည်။ ယင်းနောက်  ထိန်းချုပ်ခန်းအတွင်းရှိ Circuit Braker များ အလုပ်လုပ်ပုံ၊ Swritch Yard အတွင်းရှိ LA, DSE, PT, CT,Ds, GCB, Transformer များ၏ လုပ်ငန်း လုပ်ဆောင်မှုများကို ခွဲရုံမှူးနှင့် မြို့နယ်အင်ဂျင်နီယာ တို့က ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)