အင်းစိန် မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) မှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာထွန်းနှင့် အင်းစိန်မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်အောင်တို့က ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show တွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဥ်နဲ့ ဆွေးနွေးခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင်း ဘယ်လိုဆိုးကျိုးတွေဖြစ်ပေါ်လာပုံများ၊ ဒီပြဿနာကို လျော့နည်းစေဖို့ လူတိုင်းဘာတွေလုပ်ဆောင်ရမှာလဲ၊ လူငယ်တွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးမှာ ဘယ်လိုပါဝင်နိုင်မလဲစသည်များကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများအား Talk Show ပြုလုပ်ဆွေးနွေး၍ Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)