မဟာအောင်မြေ မေ ၂၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား မဟာအောင်မြေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်နှင့် ရပ်ကွက်နေပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး နိုင်ငံ့တာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းနှစ်ဦးအား ဂုဏ်ပြုဆုငွေနှင့်ဆန်၊ ဆီများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အောင်ဇော်မင်း