ချမ်းအေးသာစံ မေ ၂၂
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား”ကို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၀×၃၁လမ်းကြား၌ မေ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်မြင့်ဋ္ဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေး၊ မဟာအောင်မြေခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်လေးဖြူ၊ ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်တို့က “ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား” အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးကာလကို မေ ၂၅ ရက်မှ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)