မိုင်းဖြတ်မြို့နယ်၌ ကျောင်းအပ်နှံ‌‌ရေးအသိပညာပေး ပိုစတာစိုက်ထူ

မိုင်းဖြတ် မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးပိုစတာစိုက်ထူးခြင်းကို ယနေ့ နံနက်၉နာရီက ပြည်ထောင်စုလမ်းမကြီးဘေး အခြေခံပညာအထက်တန်း‌ကျောင်းများ‌ရှေ့တွင် စိုက်ထူခဲ့ကြသည်။

ထိုသို့ အသိပညာပေးပိုစတာစိုက်ထူရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဖြိုးတင်ဇာကိုနှင့် ပညာရေးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးများ ဆရာ၊ဆရာမများက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်လည်းကောင်း၊ အ.ထ.က(မိုင်းဖြတ်)ရှေ့တွင်လည်းကောင်း၊ အ.ထ.က(ဟိုနား)ရှေ့တွင်လည်းကောင်း စိုက်ထူခဲ့ကြသည်။   

အဆိုပါအသိပညာပေးပိုစတာ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတော်စဉ်ဆတ်မပြတ်ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၅ ရက်မှ မေလ ၃၁ရက်နေ့ အသိပညာပေးစာသားများပါရှိကြောင်း သိရသည်။

ရွှေကို(မိုင်းဖြတ်)