ကျေးသီး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အမှတ်(၁၃၁)ခြေလျင်တပ်ရင်း သီဟခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့် မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁၃၁)ခြေလျင်တပ်ရင်း ဒုတိယ ဗိုလ်မှူးကြီး နေဝင်းထွန်းမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသည် မိမိတို့မြို့/ ရွာအတွက် လုံခြုံရေး တာဝန်များကို တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိတို့ ရပ်၊ ရွာငြိမ်ဝပ်ပိပြားရေးနှင့် အေးချမ်းသာယာရေးအတွက် နိုင်ငံတော်လုံခြုံရေးတာဝန်များကို တစ်ဖက်တစ်လမ်းမှ တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေးတာဝန်) စွမ်းရည်မြင့်မွမ်းမံ သင်တန်း၊ သင်တန်းသားများမှ စစ်ရေးပြအခမ်းနားဖြင့် စစ်ရေးပြသင်တန်းဆင်းခဲ့ါကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား (၄၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)