မိုင်းရှူး မေ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် အလုပ်တာဝန်ဖြင့်မအားလပ်၍ စာကြည့်တိုက်သို့မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန်ခက်ခဲသူများအတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့်ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး လစဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူး (ပြန်/ဆက်)