မိုင်းယောင်း မေ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၃၁၁) ခြေမြန်တပ်ရင်း ခန်းမဆောင်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မိုင်းယောင်းတပ်နယ် တပ်နယ်မှူး၊ ခရိုင်/ မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိ/မြို့ဖများနှင့် ပလကဖ(မြို့ပေါ်လုံခြုံရေးတာဝန်) သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မိုင်းယောင်းတပ်နယ် တပ်နယ်မှူးက အမှာစကားပြောကြား၍ ခရိုင်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဝေမောင်က ဂုဏ်ပြုစကားပြောကြားပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)