ဗန်းမော်မြို့နယ် နတ်ခုတ်ကျေးရွာ၌ တည်ဆောက်လျက်ရှိသော ဆင်စွယ်ချောင်းကူးတံတားကို (၅ဝ)ရာခိုင်နှုန်း ပြီးစီးမှုအား တာဝန်ရှိများ ကွင်းဆင်းစစ်ဆေး

ဗန်းမော်     ဇန်နဝါရီ    ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်သန်း(၈၉ ဒသမ ဝဝ)ဖြင့် ဧရာဝတီမြစ်အနောက်ဖက်ကမ်းရှိ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နတ်ခုတ်ကျေးရွာတွင် ဆင်စွမ်ချောင်းကူးသံကူကွန်ကရစ်တံတား(၄၀ ပေx ၁၄ ပေ) တံတား(၁)စင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။

တံတားတည်ဆောက်နေမှုအခြေအနေအား ဗန်းမော်မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ကော်မတီဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဗန်းမာ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြရာ နတ်ခုတ်ကျေးရွာ ဆင်စွယ် ချောင်းကူးသံကူ ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းသည် ယခုအခါတွင် လုပ်ငန်း တစ်ခုလုံးကို (၅ဝ)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်ပြီးစီးသွားပါက ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၈)ရွာမှ အိမ်ထောင်စုပေါင်း(၁၆၉၄)စုတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေစွာ သွားလာနိုင် မည်ဖြစ်ပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဗန်းမာ်ခရိုင်ဖွံ့ဖြိုးမှု  ကြီးကြပ် ရေးရုံးထံမှ သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)