ကျောက်တန်းမြို့နယ် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပ

ကျောက်တန်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သောက)ရှေ့၊ ရွှေမှော်၀န်းသာသနာဗိမ္မာန်ရှေ့၊ ၂၁၆ ကား၀င်းရှေ့တို့၌ ယနေ့နံနက်ပိုင်းက စိုက်ထူဖွင့်လှစ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် အဖွဲ့၀င်များ၊ ကျောက်တန်းမြို့နယ် ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ဌာနဆိုင်ရာတာ၀န်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများပက်ဖြန်းခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)