မက်မန်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ လူမှုရေး ပင်စင်ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နေလည် (၁၂:၀၀)နာရီအချိန်က မက်မန်းမြို့ပေါ် နှစ်ရပ်ကွက်ရှိ ဘိုးဘွားများအား ကွင်းဆင်းထောက်ပံ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ရာ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကိုဇင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ က မက်မန်းမြို့ပေါ် နှစ်ရပ်ကွက်ရှိ သက်ကြီးရွယ်အိုဘိုးဘွား (၃)ဦးတို့အား သွားရောက်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်သည် မြို့ပေါ်နှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁)အုပ်စုရှိပြီး အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ကြေး ခံစာခွင့်ရှိသူ (၇၇)ဦးရှိကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)