မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မူဆယ် မေ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အသိပညာပေးဟောပြောပွဲကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဟောပြောပွဲတွင် အိမ်တွင်းမှုကျောင်းအုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရေကိုချွေတာ သုံးစွဲရေးနှင့်သစ်တောသစ်ပင်အကြောင်း သိကောင်းစရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအကြောင်း၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးနည်းပညာများနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်းအကြောင်းများကို ရှင်းလင်းဟောပြောဆွေးနွေး ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ အသိပညာ‌ပေးလက်ကမ်းစာစောင်များဖြန့်ဝေပြီး၊ EM ဘိုကာရှိ ပြုလုပ်ပုံအား တက်ရောက်လာသည့် သင်တန်းသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)