မြောက်ဥက္ကလာပမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ သေနတ်ကိုင်ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်

မြောက်ဥက္ကလာပ မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းခရိုင် ၊မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက် ပဓာနမထားဘဲ မိမိရပ်ရွာ ကာကွယ်လိုစိတ်ဖြင့် သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခြင်းကို ယနေ့နေလယ် ၂ နာရီအချိန် (၂)ရပ်ကွက် ၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရက်(၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက် ပဓာနမထားဘဲ သေနတ်ကိုင်ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြု မှတ်တမ်းလွှာ‌ပေးအပ်ခြင်း အခမ်းအနားကိုကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော် အလံအား အလေးပြုကြပြီး ဖိတ်ကြားထားသော ဧည့်သည့်တော် ဗိုလ်မှုး ဖြိုးဝေလင်းမှ အမှာစကား ပြောကြားကာ ဂုဏ်ပြုပွဲကျင်းပရေး ယာယီကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းဦးက ဂုဏ်ပြုပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရက်(၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ (၂)ရပ်ကွက်အတွင်း မေ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဓားပြမှုဖြစ်စဉ်တွင် သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီး ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ထောက်ပံ့ငွေများအား တာ၀န်ရှိသူများက တစ်ဦးချင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် နိုင်ငံကျော် တေးသံရှင် ဖိုးသောကြာ နှင့် တေးသံရှင် စိမ်းရတနာတို့မှ ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ ကြကြောင်းသိရသည်။

ခိုင်စိုး