တပ်ကုန်း ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးစွာ လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ညောင်ငါးပင်(တ)ကျေးရွာ “သုတပဒေသာ” စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်တင့်တင့်ခိုင် က “သုတပဒေသာ” စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ စာကြည့်တိုက်ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာကြည့်တိုက်ကော်မတီဝင်များအနေ ဖြင့် မိမိတို့ကျေးရွာအတွင်းရှိ ပြည်သူများအား စာပေဗဟုသုတိုးပွားရရှိစေရေး၊ စာအုပ်စာစောင် လေ့လာဖတ်ရှုရန်နှင့် စာဖတ်သူပိုမိုများပြားလာအောင် ဆောင်ရွက်ရန်၊ စာအုပ်စာစောင်များကို မပျောက်မပျက်စေရန်၊ စာကြည့်တိုက်အဆောက်အဦ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါကျေးရွာရှိ “သုတပဒေသာ”စာကြည့်တိုက်အဆောက်အဦကို ကျေးရွာပြည်သူစေတနာရှင် စုပေါင်းငွေများနှင့် အလျား(၁၈)ပေ၊ အနံ(၁၈)ပေ၊ တစ်ထပ်၊ သွပ်မိုး၊ နံကပ်အုပ်ညှပ်အဆောက် အဦဖြစ်ပြီး၊၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်၍ သုတ၊ ရသစာအုပ်ပေါင်း (၁၅၀၀)ကျော်နှင့် စာပေဗဟုသုတများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)