ဒဂုံမြောက် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှတ်(၄၂)ရပ်ကွက် ဦးဝိစာရလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းထောင့်တွင် ယနေ့နံနက် ၇ နာရီက စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင် ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေး ရေစီးရေလာမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှတ်(၄၂)ရပ်ကွက် ဦးဝိစာရလမ်းနှင့် ဗထူးလမ်းထောင့်ရှိ ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များ၊ နှုန်းများနှင့် ပိတ်ဆို့နေသောရေမြောင်းများအား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၂)ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှရေများ ဗိုလ်မှူးဗထူးလမ်းတစ်လျောက် မြောင်းမကြီးမှ ထားဝယ်ချောင်ချောင်းမကြီးသို့ စီးဆင်းသွားမည်ဖြစ်၍ ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်သွားမည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများအတွက် အကျိုးရှိသောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အင်ဂျင်နီယာဌာန(ရေစီးရေလာ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြင့်မြင့်ရီ