သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများစတင်ထုတ်ပေး

သင်္ဃန်းကျွန်း မေ ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယနေ့နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာများ စတင်ထုတ်ပေးနေကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် လက်ထောက်မန်နေဂျာ ဦးညီသန်းရွှေနှင့် ဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ယူသူများအား လိုအပ်သည့်ကိစ္စရပ်များအား ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစားများအား စားသောက်ရေးအဆင်ပြေစေရန် စားသုံးဆီ ၂ ပိဿာအား ၁၈၅၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)