မြောက်ဥက္ကလာ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင် ၊မြောက်ဥက္ကလာပမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်၀င်း၀င်းအောင် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းသန်းတို့က မိတ်ဆက်ခြင်းနှင့် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းပြီးနောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)