ရန်ကုန် မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးမှ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် Pilot Project (Football For School Program )အရ ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ အားကစားပစ္စည်းထောက်ပံ့ခြင်း အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင် ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းမောင် ၊ သာကေတမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် သာကေတမြို့နယ် အားကစားကွင်းတွင် လေ့ကျင့်သင်ကြားနေသော ဘောလုံးသင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားပြီး ဘောလုံးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)