ဟိုပုံးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူ

ဟိုပုံး မေ ၂၁

ပညာရေးဝန်ကြီးဌာန၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က  ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်နှင့် ဆရာ/ ဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြကြောင်း သိရသည်။ ဟိုပုံးမြို့နယ်၌ အခြေခံပညာကျောင်းပေါင်း (၁၈၁) ကျောင်း ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၅)ရက်မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)