ရန်ကုန် မတ် ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီတွင် လူစည်ကားရာ ကားမှတ်တိုင်များတွင် လက်သန့်ဆေးဘူးများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းနောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာဖတ်စာငှားကလေးများအား လက်များသန့်ရှင်းစင်ကြယ် အောင် ဆေးကြောရမည့် အသိပညာများကို ပြောကြားခဲ့ပြီး လက်သန့်ဆေးဘူးများကို ပေးဝေခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)