ကျောက်တန်း မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းတန်းကျေးရွာအုပ်စုနှင့် မီးပြကျေးရွာအုပ်စုတို့တွင် သဘာဝဘေးအန္တရာယ် ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သဘာဝဘေး အန္တရာယ်ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် ကျောက်တန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားကို ကျောက်တန်းမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူ့ကော်မတီ ၊ခရိုင်ဦးစီးမှူးဒေါက်တာဇေယျာမင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထူးနှင့်အဖွဲ့၊ ကျောက်တန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ၊ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ခေတ္တဥက္ကဋ္ဌ ဒေါ်ခင်အေးညွှန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)