ကွန်ဟိန်း မေ ၂၁
တိရစ္ဆာန်ကူးစက်ရောဂါမဖြစ်ပွားစေရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထိန်မင်းနှင့် ဝန်ထမ်းများက ရက်(၁၀၀) စီမံချက်အဖြစ် လိုက်ကမ်ကျေးရွာအုပ်စု၊ လိုက်ကမ်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အခြေခံမွေးမြူရေး ဟောပြောပွဲနှင့် ကျွဲ/နွားများအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထိန်မင်းနှင့် ဝန်ထမ်းများက လိုက်ကမ်ကျေးရွာရှိ ကျွဲ/နွားများအား ကာကွယ်ဆေးထိုးစီမံချက်အတိုင်း လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး တိရစ္ဆာန်ကူးစက်ရောဂါ မဖြစ်ပွားစေရေးနှင့် တိရစ္ဆာန်ကောင်ရေ ပိုမိုတိုးတက်မွေးမြူနိုင်ရေးတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး