မှော်ဘီ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာ မှော်ဘီအသင်းတော်ဘုရားကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြိုတိုင်းရင်သားစာပေ ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခန်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြိုအမျိုးသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးကျော်ဇောလှက မြိုစာပေဆရာဖြစ်သင်တန်း ဖွင့်လှစ်ရခြင်း၏ အကြာင်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြိုအမျိုးသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းက မြိုစာပေဆရာဖြစ်သင်တန်းအတွက် ပံ့ပိုးငွေအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက ပံ့ပိုးချီးမြှင့်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ မှော်ဘီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြိုအမျိုးသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးကျော်ဇောလှ၊ မြိုအမျိုးသားတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေမှ ၂၉ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်ဇော်