မိုင်းလုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ လှူဒါန်းသော (Vitamin D3) အာဟာရဖြည့်စွက်ဓာတ်စာများ ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ စုရပ်နေရာများတွင် မိုင်းလုံလူငယ်ပရဟိတအသင်းတို့က ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးများတိုက်ကျွေးရာတွင် ပထမအကြိမ် (၂၅၀)ဗူးကို သံဃာတော်များနှင့် အသက်(၇၀) အထက် သက်ကြီးဘိုးဘွားများကို တိုက်ကျွေးခဲ့ပြီး၊ ဒုတိယအကြိမ်တိုက်ကျွေးခြင်းကို သံဃာတော်များ၊ အသက်(၅ဝ)နှစ်အထက် လူကြီးများနှင့် ခန္တီရပ်ကွက်၊ ဈေးရပ်ကွက်၊ အလယ်ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွားများကို စုရပ်များသတ်မှတ်၍ မိုင်းလုံလူငယ်ပရဟိတအသင်းတို့မှ လိုက်လံတိုက်ကျွေးခဲ့ကြသည်။
ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ မိုင်းလုံမြို့အတွက် ဒုတိယအကြိမ် (Vitamin D3) အားဖြည့်ဆေး(၅၀၄)ဗူး လှူဒါန်းပေးပြီး သံဃာတော်(၁၈၈)ပါးနှင့် ဆေးဗူး (၃၁၆)ဗူးအား မြို့ပေါ်ရှိ သက်ကြီးရွယ်အိုများ၊ နာတာရှည်လူနာများနှင့် ဆေးရုံဆင်းလူနာများကို တိုက်ကျွေး သွားမည်ဖြစ်ပြီး ကျန်ရှိရပ်ကွက်များနှင့် သံဃာတော်များကိုလည်း ဆက်လက်တိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)