စမ်းချောင်း မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျွန်းတော(အလယ်)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး၀န်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီပရဟိတအဖွဲ့များပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက် အိမ်တိုင်ရာရောက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးများပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)