ရမည်းသင်း မေ ၁၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်လှူဒါန်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့် ဇနီးဒေါ်နန်းအေးတင့် (သီလဝချမ်းသာကော်ပိုရေးရှင်းကုမ္ပဏီ လီမိတက်)မိသားစုတို့က ငွေကျပ် ၃၀၀၀၀၀ တန်ဖိုးရှိ ရှေးမြန်မာကျောက်စာလေ့လာချက် အတွဲ(၁)မှ အတွဲ(၇)ထိ စာအုပ်စုစုပေါင်း (၇)အုပ်ကို လှူဒါန်းပေးခဲ့ပြီး ပြည်သူ့စာကြည့်တိုက်တွင် ထားရှိခြင်းအားဖြင့် စာတမ်းပြုစုမည့် လူငယ်များ အတွက်အထောက်အကူဖြစ်စေမည့် စာအုပ်ကောင်းများကိုအခမဲ့ အလွယ်တကူ အသုံးပြု နိုင်ရန်အတွက် လှူဒါန်းပေးရခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းတို့က တက်ရောက်လှူဒါန်းပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ်သိမ့်မျိုးနှင့် စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မြတ်နိုးသူတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။
ဟိန်းပြည့်ဇော် (ခရိုင်ပြန်/ဆက်)