သဘာဝပိုးသတ်ဆေး၊ ပိုးနှင့် ဆေးပိုးထောင်ချောက် ပြုလုပ်သုံးစွဲနည်း လက်တွေ့ ကွင်းဆင်း သရုပ်ပြ

ချောင်းဆုံ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးကြမည့် တောင်သူများနှင့် ပဲစိုက်တောင်သူ များကို မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့ အနောက်ပိုင်းရပ်ကွက်ရှိ နွေစပါး စိုက်ပျိုးတောင်သူများအား သဘာဝပိုး သတ်ဆေး၊ ပိုးနှင့် ဆေးပိုးထောင်ချောက် ပြုလုပ်သုံးစွဲနည်း လက်တွေ့ကွင်းဆင်း သရုပ်ပြခဲ့သည်။

အဆိုပါ ကွင်းဆင်းသရုပ်ပြရာတွင် သဘာဝဆေးအသုံးပြုပုံ နည်းလမ်းများ၊ ပိုးသတ်ဆေးစနစ် တကျ အသုံးပြုနည်း၊ စပါးဖျက်ပိုး ကျရောက်သည့်အခါ သိသာသည့် နည်းလမ်းများ၊ ဆေးပိုးထောင်ချောက် ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်တို့ကို နွေစပါးနှင့် ပဲစိုက်ပျိုးကြမည့် တောင်သူများ အား ခရိုင်သီးနှံ ကာကွယ်ရေးဌာနခွဲ ဦးစီးအရာရှိ တာဝန်ခံ ဒေါ်ငြိမ်းငြိမ်းနှင့် ဝန်ထမ်းများက လာရောက်ကွင်းဆင်း သရုပ် ပြခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)