ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲတပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပုဂံ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် စဉ့်ကူ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စဉ့်ကူနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်မိုး ဦးဆောင်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် စဉ့်ကူတိုက်နယ် ပြည်သူ့ဆေးရုံ ပုရဝုဏ်အတွင်းအပြင် ခြုံနွယ်ရှင်းခြင်း၊ မျက်ပေါက်ခြင်း၊ တံမျက်စည်းလှည်းခြင်း၊ ချိုင့်နေရာများသဲဖို့ခြင်း၊ အမှိုက်သိမ်းခြင်း၊ အမှိုက်စနစ်တကျစွန့်ပစ်ခြင်းများ စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

အဆိုပါ စုပေါင်းအမှိုက်ရှင်းလင်းရာသို့ စဉ့်ကူနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်မိုး ဦးဆောင်သည့် ပြည်သူ့ရဲ တပ်ဖွဲ့ဝင် ၁၃ ဦး ပူးပေါင်းလုပ်အားဒါနပြုခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)