မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၄၀ မှုဖြစ်ပွားခဲ့

မန္တလေးဇန်နဝါရီလ ၁၈

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၄၄၀မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၅၈ဦးနှင့် သေဆုံးသူ ၁၀၇ဦး ရှိခဲ့ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) သိရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မန္တလေးခရိုင်အတွင်း အောင်မြေသာစံမြို့နယ်တွင် ယာဉ်တိုက်မှု ၂၅မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ ဦး၊ သေဆုံးသူ ၇ ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ယာဉ်တိုက်မှု ၂၆မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆ဦး၊ သေဆုံးသူ ၈ဦး၊ မဟာအောင်မြေမြို့နယ်တွင် ယာဉ်တိုက်မှု ၃၁မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၅ဦး၊ သေဆုံးသူ ၁၁ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် ယာဉ်တိုက်မှု ၄၁မှု၊ ထိခိုက် ဒဏ်ရာရရှိသူ ၃၆ဦး၊ သေဆုံးသူ ၁၄ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယာဉ်တိုက်မှု ၅၁မှု၊ ထိခိုက်ဒဏ် ရာရရှိသူ ၅၇ဦး၊ သေဆုံးသူ ၁၈ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် ယာဉ်တိုက်မှု ၃၇မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၄ဦး၊ သေဆုံးသူ ၂၁ဦး၊ အမရပူရမြို့နယ်တွင် ယာဉ်တိုက်မှု ၄၆မှု၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၄ဦးနှင့် သေဆုံးသူ ၂၈ဦးရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ယင်းနှစ်အတွင်း ကျောက်ဆည်ခရိုင်တွင် ယာဉ်တိုက်မှု ၂၂၅ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉၃ဦး၊ သေဆုံးသူ ၈၃ဦးရှိခဲ့ကြောင်း၊ ညောင်ဦးခရိုင်တွင် ယာဉ်တိုက်မှု ၁၁၆မှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၃၂ဦး၊ သေဆုံးသူ ၃၄ဦးရှိခဲ့ကြောင်း၊ ပြင်ဦးလွင်ခရိုင်တွင် ယာဉ်တိုက်မှု ၂၈၈ မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈၁ဦး၊ သေဆုံးသူ ၁၅၅ဦး ရှိခဲ့ကြောင်း၊ မြင်းခြံခရိုင်တွင် ယာဉ်တိုက်မှု ၁၂၃မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉၉ဦး၊ သေဆုံးသူ ၃၇ဦးရှိခဲ့ကြောင်း၊ မိတ္ထီလာခရိုင်တွင် ယာဉ်တိုက်မှု ၂၆၃ မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၈၈ဦး၊ သေဆုံးသူ ၈၃ဦးရှိခဲ့ကြောင်း၊ ရမည်းသင်း ခရိုင်တွင် ယာဉ်တိုက်မှု ၁၆၈မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၆ဦး၊ သေဆုံးသူ ၅၁ဦးရှိခဲ့ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ သိရသည်။

ထိပ်ထားနိုင်