ညောင်ဦး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ညောင်ဦးမြို့နယ်ရှိ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က လာရောက်လှူဒါန်းလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းထံက သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင် ရန်ပုံငွေ ရှာဖွေရေးကော်မတီသို့ လာရောက် လှူဒါန်းလျက်ရှိကြရာ ညောင်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လာရောက်လှူဒါန်းကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဝယ်ယူရန် ခရိုင်ရန်ပုံငွေရှာဖွေရေး ကော်မတီနာယကများနှင့် ခရိုင်ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က လက်ခံရယူပြီး ငွေစာရင်းအမတ် (OA 014733) သို့ ထည့်ဝင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူထိုးနှံခြင်း လုပ်ငန်းအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူနိုင်ရန် လိုအပ်သောရန်ပုံငွေများအတွက် စေတနာရှင်မိဘပြည်သူများအနေဖြင့် ငွေစာရင်းအမှတ် (OA 014733) သို့ မည်သည့်ဘဏ်မှမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရကာ ယနေ့လာရောက်လှူဒါန်းသည့် အလှူငွေ (၈၃) သိန်းကျပ် လာရောက်လှူဒါန်းခဲ့ရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် မိဘ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရန် ညောင်ဦးခရိုင် ရန်ပုံငွေရှာဖွေရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ရေး ကော်မတီ ဖုန်းနံပါတ်များအား ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ Page နှင့် IPRD Nyaungu Page တို့တွင်တင်ထားပြီး ကြည့်ရှု လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
ကိုထိန်၊KPD