ကျိုက်မရော ဇန်နဝါရီ ၁၈
ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ရောက်ရှိတော့မည်ဖြစ်၍ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူး အသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေကွက်လပ်၌ ဆောင်ရွက်ခဲ့သည်။
ဌာနဆိုင်ရာရုံးများတွင် မီးသတ်ဆေးဗူးများထားရှိပြီး လက်တွေ့အသုံးပြုတတ်စေရန် မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ် ပြသပေးခြင်းဖြစ်ပြီး မီးသတ် ဆေးဗူးကို စနစ်တကျကိုင်တွယ် အသုံးပြု တတ်စေရန်၊ ရုတ်တရက်မီးဘေးအန္တရာယ်နှင့် ကြုံလာပါက မီးသတ်ဆေး ဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ဌာနဆိုင်ရာ ရုံးများအရောက် မြေပြင်ကွင်းဆင်းပြသ ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်း ထိုက်ကပြောသည်။
ယနေ့ပြုလုပ်သောလက်တွေ့ မီးငြိမ်းသတ်နည်းသရုပ်ပြပွဲသို့ မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ ငွေဖြိုးလျှံ သမဝါယမအသင်းမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးသတ် ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်နည်းကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုချို(ပြန်/ဆက်)