ရေးမြို့နယ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တောင်သူများ တင်ပြလာသည့် လယ်ယာမြေများအား မြေပြင် ကွင်းဆင်းစစ်ဆေး

ရေး ဇန်နဝါရီ   ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ကျေးရွာများမှ တောင်သူများ တင်ပြလာသည့် လယ်ယာမြေ အမှုတွဲများကို ယမန်နေ့ နံနက် (၈)နာရီခွဲက မြို့နယ်လယ်ယာမြေ စီမံခ န့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးဝင်းနှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများက   မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ကာယကံရှင် တောင်သူများက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု  အဖွဲ့သို့ တင်ပြလျှောက်ထားသည့် အခြားနည်း  အသုံးပြုခွင့်နှင့် ပုံစံ(၇)အမှုတွဲဆိုင်ရာ များကို ကျေးရွာများရှိ ဒေသခံတောင်သူများနှင့်အတူ    ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြေပြင်ကွင်းဆင်စစ်ဆေးရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးဦးကံဝင်းနှင့်  အတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေဆွဲရေးဦးစီး ဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံများ လိုက်ပါ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)