မိုင်းပန်မြို့နယ် သမဝါယမဦးစီးဌာနရုံး၏ RC (၁)ထပ်၊ (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း ၂၅ ရာခိုင်နှုန်းပြီးစီး

မိုင်းပန်  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ သမဝါယမဦးစီးဌာနရုံး၏ RC (၁)ထပ်၊ (၄) ခန်းတွဲ ဝန်ထမ်းအိမ်ရာကို ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ပန္နက်ရိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်  စတင်ဆောက်လုပ်ခဲ့ရာ  ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် လုပ်ငန်းပြီးစီးမှု ၂၅ ရာခိုင်နှုန်းရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းအိမ်ရာ အဆောက်အဦအား သမဝါယမဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်  (၆၄'x ၃ဝ' x ၁၂') RC (၁) ထပ် (၄) ခန်းတွဲ ဝန်ထမ်းအိမ်ရာအား ခွင့်ပြုငွေကျပ် (၅၄.၁၅၅)သန်းဖြင့် ရွှေလင်းခေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ဆန်းမြင့် (ပြန်/ဆက်)