လားရှိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ အဌမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

လားရှိုး ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့နံနက် (၈)နာရီခွဲအချိန်က စတင်၍ ကျောင်းတိုက်များသို့အရောက် အဌမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီ ဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို ဦးဆောင်၍ အဖွဲ့ဝင်များပါဝင်ကာ လားရှိုးမြို့ရှိ ခေးနင်းဘူတာကျောင်းတိုက်၊ အေးချမ်းမြေ့ကျောင်းတိုက်၊ အဘယာရာမကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ အောင်မြေဘုံစံကျောင်းတိုက်၊ သာသနာ့အလင်းရောင် သီလရှင်ကျောင်းတိုက်၊ လွယ်ပြေတောရကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သီလရှင်ဆရာလေး အပါးစုစုပေါင်း (၂၁၅)ပါးတို့အတွက် ဆန်(၂၂)အိတ်၊ ဆီ(၆၂)ပိသာ၊ Mask(၁၃၀၀)ခုတို့အား ကျောင်းတိုက်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့ မြို့တော်ခန်းမရှေ့နှင့် လားရှိုးကြီးမီးပွိုင့်တို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး မြို့နယ်ကော်မတီတို့က မြို့နေပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရေးအတွက် နှာခေါင်းစည်းစုစုပေါင်း (၃၀၀၀)ခုတို့အားလည်း ပေးဝေခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)