ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း မေ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ ဗန္ဓုလခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်က တွေ့ဆုံပွဲနှင့်စပ်လျဉ်း၍ ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းဘွန်းစီနှင့် ဦးထွန်းပေါ်သိန်းတို့က မိတ်ဆက်စကားများ ပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝမ်ထန်ကျန့်အုပ်စု၊ နမ့်နော်(အောက်)ကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

ထို့ပြင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေက မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့သန့်ရှင်းသာယာလှပရေး မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း