ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အသိသတိရှိစေရေး Mask Campaign ပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ဦးဆောင်၍ မြို့နယ်အတွင်း မဖြစ်မနေ လမ်းထွက်သွားလာ နေကြသူများကို နှာခေါင်းစည်း တပ်ဆင်စေ ရေး၊ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော လမ်းများ၊ ဈေးများတွင် လူစု လူဝေးများ မဖြစ်စေရေးတို့ကို လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့ လိုက်လံဖြန့်ဝေတပ်ဆင်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက် များဖြင့် လိုက်လံကြေငြာခြင်း၊ ဒေသန္တရအမိန့် ထုတ်ပြန်ချက်များကို ကြေငြာပေးခြင်း အစရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်‌ရေးလုပ်ငန်း Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီ က လိုက်လံနှိုးဆော် အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး mask campaign ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်ဗိုလ်နှင့် စည်ပင်သာယာရေးဝန်ထမ်းများလူမှုရေးအသင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူ များက ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နေ မိဘပြည်သူများထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် မဖြစ်မနေအပြင်ထွက်တိုင်း ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊ အသိပညာပေးပြက္ခဒိန်များ၊ တီရှပ်များ၊ လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေ ပေးခြင်း၊ နှာခေါင်းစည်းမပါ ကြသူများကို အသိပညာပေးခြင်းနှင့် တပ်ဆင်အသုံးပြုနည်းများကိုလည်း ထပ်မံအသိပေး လက်တွေ့ပြသ ကျယ်ကျယ် ပြန့်ပြန့် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့မြို့နယ်အတွင်း ပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို သိရှိလိုက်နာနိုင် စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေး အတွက် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပါ၊ ခပ်ခွါခွါနေပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး အသိပေးပါ၊ သတိပေးပါ၊ စသည့်စည်းကမ်း ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် နာလည်သိရှိပြီး အလေ့အကျင့်ကောင်းတစ်ခုအဖြစ် စွဲမြဲသတိပြုနေထိုင်နိုင်စေရန်အတွက် အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)