ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက နည်းပညာ တက္ကသိုလ်(ကျောက်ဆည်)၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။
ထိုသို့ရောင်းချရာ၌ စားအုန်းဆီ တစ်ပိသာလျှင် ငွေကျပ် ၈၇၀၀ နှုန်းဖြင့် ပိဿာချိန် ၁၀၀၊ ဝက်သား တစ်ပိဿာ ငွေကျပ် ၂၆၀၀၀နှုန်းဖြင့် ၃၅ ပိဿာ၊ အမဲသားတစ်ပိဿာ ငွေကျပ် ၂၅၀၀၀နှုန်းဖြင့် ၂၅ ပိဿာ၊ ဆိတ်သား တစ်ပိဿာ ငွေကျပ် ၂၈၀၀၀ နှုန်းဖြင့် ၁၅ ပိဿာ၊ ကြက်ဥတစ်လုံး ငွေကျပ် ၂၅၀ နှုန်းဖြင့် ကြက်ဥ အလုံးရေ ၅၀၀၀ တို့အားရောင်းချခဲ့ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)