နောင်ချို မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူထုအခြေပြု ကျန်းမာရေးလုပ်သားအကျဉ်းချုံးသင်တန်းဖွင့်ပွဲကို မေလ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ကိုဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စေတနာ့ဝန်ထမ်းများအနေဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီစောင်ရွက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများမှ အပြန်အလှန် မိတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြ (၈)ဦးမှ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား မေလ ၁၈ ရက်နေ့မှ မေလ ၂၉ရက်နေ့အထိ တစ်ရက်လျှင် ၆ နာရီ၊ တစ်ပတ်(၅)ရက်နှုန်းဖြင့် စုစုပေါင်း ၁၀ ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလပြီးဆုံးပါက ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ကြောင်း အဆိုပါသင်တန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်