ပူတာအို ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေနှင့်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ဆိုင်ရာအသိပညာ ပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၁၈)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ၌ကျင်းပသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ ရွေးချယ် ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့်ပြင်ဆင်သည့် ဥပဒေ၊နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအား မြို့နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့ငါးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက်တာ၀န်ခွဲဝေချထားဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပူတာအိုမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၄)အုပ်စုအတွင်း မတ်လတွင် အုပ်ချုပ်ရေးမှူး အသစ်များရွေးချယ်၍ ဧပြီ(၁)ရက်နေ့မှစတင်ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ပြီး အဆိုပါ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ကျေးရွာတာ၀န်ခံ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးများအား ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ နှင့်ရပ်/ကျေးစာရေးများကို နှစ်သုတ်ခွဲကာ ဇန်နဝါရီ (၁၈)ရက်မှ (၁၉)ရက်နေ့ အထိနှစ်ရက်ကြာပို့ချသွားမည်ဖြစ်သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများရွေးချယ်ခြင်းဆိုင်ရာဥပဒေ၊နည်း ဥပဒေနှင့်ပြင် ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)