ဒေါပုံမြို့နယ် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်

ဒေါပုံ ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင်  မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးက ကလေး သူငယ်များ လမ်းမှားမရောက်စေရန်နှင့် လမ်းပေါ်ကလေးများအား အသက်မွေးဝမ်း ကျောင်းအတတ်ပညာများ သင်ကြား ပေးနိုင်ရေးနှင့် အသိပညာပေးခြင်းများ ပိုမိုဆောင်ရွက်နိုင်ရန် ပြောကြားပြီး အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ဝင်းမေက လုပ်ငန်းဆောင်ရွက် မှုများအား ရှင်းလင်း တင်ပြကာ တက်ရောက်လာကြသော အဖွဲ့ဝင်များမှ   ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များအားအပြန် အလှန်ဆွေးနွေး ကြောင်း သိရသည်။

ထို့နောက် နိုင်ငံ၏ အနာဂတ်ကလေးငယ်များ လမ်းမှားမရောက်စေရန်နှင့် လမ်းပေါ်ကလေးများ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ကြားနိုင်ရေးနှင့် မူးယစ်ဆေးဝါး၏ သားကောင်များမဖြစ်လာစေရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ်ပြောကြားခဲ့သည်။

သဲစုစုလွင် (ပြန်/ဆက်)