ကွမ်းခြံကုန်း မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြာပွဲကို ယမန်နေ့က ဝက်ကိုက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တွံတေးခရိုင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက သဘာဝဘေးကြိုတင်ကာကွယ်ရေး အကြောင်းအရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝက်ကိုက်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဆရာမက အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးအကြောင်းအရာများ၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ကျေးလက်ကျန်းမာရေးဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များအား၊ ကြက်ဥ၊ ငှက်ပျောသီး၊ ကုလားပဲဇံနှင့် ဆားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)