ဒလ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၁:၀၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမြင့်စိန်မှ မိတ်ဆက်စကားပြောကြားပြောကြား၍ သင်ကြားရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား (၂၅) ဦးတက်ရောက်ကြပြီး ပန်းချီရေးဆွဲနည်းအမျိုးမျိုးကို မေလ (၁၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)