ပြင်ဦးလွင် မေ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်းများ၏ ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာထားလျက်ရှိရာ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြသည်။
ပြင်ဦးလွင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မူလတန်းအဆင့် စာရင်းရှိဦးရေ ၄၃၆၆၈ ဦး၊ ဖြေဆိုသူ ၄၃၅၂၂ ဦးနှင့် အောင်မြင်သူ ၄၃၅၂၂ ဦး၊ အလယ်တန်းအဆင့် စာရင်းရှိဦးရေ ၁၆၉၁၅ ဦး၊ ဖြေဆိုသူ ၁၆၈၁၆ဦးနှင့် အောင်မြင်သူ ၁၆၈၁၆ ဦး၊ အထက်တန်းအဆင့် စာရင်းရှိဦးရေ ၈၆၃၉ ဦး၊ ဖြေဆိုသူ ၈၆၀၄ ဦးနှင့် အောင်မြင်သူ ၈၆၀၄ ဦး၊ စုစုပေါင်း ဖြေဆိုသူ ၆၈၉၄၂ ဦးရှိရာ အောင်မြင်သူ ၆၈၉၄၂ဦး ရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)